ရဲစခန်း ထွေအုပ်ရုံးတွေကိုပစ်ခါရာ စစ်သားသေဆုံး

ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အထကကျောင်းတို့တွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် အထက ကျောင်းတို့တွင် တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေ ဆုံးခဲ့ကြောင်း Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း) မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီခန့်က အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့ပေါ် ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အထကကျောင်းတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ၈၀ မမ ၊ ၆၀ မမ ၊ ၄၀ မမ ၊ RPG လက်နက်ကြီးများအပြင် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများမှာ ဘန်ကာ ထဲ က မထွက်၊ သေနတ်ဖြင့် တစ်ချက်မှ ပြန်လည် ပစ်ခတ်ခြင်းမရှိသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။

“တစ်ချက်မှ ပြန်မပစ်သလို လှုပ်ကို မလှုပ်တာ။ အနီးကပစ်တာ တစ်ဦး ရှေ့မှာတင် သေသွားတယ်၊ အဲဒီကျသွားတဲ့ သူရဲ့ လက်နက်ကောက်ဖို့ လုပ်တဲ့အချိန်မှာ နှစ်ဦးတက်လာလို့ ဆက်ပစ်နေတော့ သူတို့လည်း ထိပြီး ဝင်ပြေးရော၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်လာပြီး ၁ နာရီလောက်ကြာမှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြတာ၊ အချက်ရေတော်တော်များများ ကြားရတယ်” ဟု Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း) မှတာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း)၊ Depeyin Local Mobile Team (DLMT) နှင့် ရေကျော်ပိတုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Popular posts from this blog

သနားဖို့ကောင်းလိုက်တာ ကျောက်မဲရယ်

စကစ အဖွဲ့ဝင် 17 ဦး ကျဆုံး

PDF 2ဦးကျဆုံး